ကော့သောင်း ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများက မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်ပထမပတ်အတွင်း ရပ်ကွက်အလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အောင်သုခရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်လည်းကောင်း နေ့လယ်ပိုင်းတွင် ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကိုယ်ဝန်ဆောင်များနှင့် မိခင်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာ၊ ဆရာမများ ကျန်းမာရေးဆိုင်ရာ သတိပြုနေထိုင်ရမည့် ဆောင်ရန်ရှောင်ရန်များနှင့်ပတ်သက်သည်များကို အသိပညာပေးပြောကြားပြီး ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံရာတွင် မွေးကင်းစမှအသက် (၂)နှစ်အထိ ကလေးငယ်များအား BCG ဦးနှောက်အမြှေးရောင်တီဘီ၊ လူးစေ့တီဘီ ရောဂါကာကွယ်ဆေး၊OPV ပိုလီယိုရောဂါ ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး၊ (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) စသည့်(၅)မျိုးစပ် ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးစသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို လစဉ်ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)