တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကိုမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာ  ၁၁  ရက်နေ့က ကမြောကင်းလမ်း ဆန်းချီလမ်းဆုံ၌ ပြည်သူများအား လက်ဝယ်အရောက် ဝေငှပေးသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မင်းရဲသူသဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးစီမံကိန်းနှင့်ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Gulf Petroleum Myanmar (GPM) ရေနံကုမ္ပဏီတို့က ၂ဝ၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ Block-10 တွင်တူးဖော်မည့် မင်းရဲသူသဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကရသူရိမြို့ ကလေးစာဖတ်ခန်း၌  ကျောင်းသား/ ကျောင်းသူများ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊  ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့၌ ဒို့အတူတူမဲပေးကြစို့ လှုံဆော်ရေးပိုစတာ စိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီက ပုလောမြို့နယ်ခန်းမရှေ့တွင် ဆောင်ရွက်ခဲ့ သည်။

ခမောက်ကြီးမြို့၌ ဒို့အတူတူမဲပေးကြစို့ လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၉ နာရီက ခမောက်ကြီးမြို့ အမှတ် (၁) ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီးနံဘေး လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာနှိုးဆော်‌ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုး‌ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က အမှတ် (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်သိပ္ပံလမ်းဆုံ ပြည်သူ့ဆေးရုံရှေ့၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ဘုတ်ပြင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်အတူတာဝန်ရှိသူများက ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်က ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တာဝန်ရှိသူများအား ဘုတ်ပြင်းခရိုင် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးကြသည်။

ကော့သောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်‌ဆေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ဌာနဆိုင်ရာဝန်ထမ်းများ ပေါင်းစပ်၍ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ဆောင်ရွက်သည်။

ကျွန်းစုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၈ ရက်နေ့က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။

ပုလောမြို့နယ်၌ အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် စာအောင်ဆုနှင်းသဘင်နှင့် စာတော်ဖြေအခမ်းအနား ကျင်းပ

ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ်အတွက် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် စာအောင်ဆုနှင်းသဘင်ကို  ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ်(၂)ရပ်ကွက် လယ်ဝိုင်းကျောင်းတိုက်၍ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး