မကွေးတိုင်းဒေသကြီးအတွင်း စားသုံးသူပြည်သူများလက်ဝယ်သို့ စားအုန်းဆီများအပြည့်အဝ ထုတ်ယူရရှိရေး ကွင်းဆင်းစစ်ဆေး

မကွေး ဧပြီ ၈

မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မကွေးတိုင်းအတွင်းရှိ ခွဲဝေရရှိသည့် ပြည်သူ့ဆီ (၂%) အမြတ်ဖြင့် ရောင်းချသော စားအုန်းဆီများအား ခရိုင်အလိုက် နယ်မြေအခြေအနေနှင့် လူဦးရေအပေါ်အခြေခံ၍ ကုမ္ပဏီ(၁၁)ခုမှ ဖြန့်ခွဲရောင်းချလျက် ရှိရာ ရုံးပိတ်ရက်ရှည်(သင်္ကြန်ကာလအတွင်း) ခရိုင်/မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စားသုံးသူ ပြည်သူများ လက်ဝယ်သို့ အပြည့်အဝပြန့်ပြန့်နှံနှံ ရောက်ရှိစေရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချစေရေး မကွေးတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူး ရောင်းချခြင်းကြီးကြပ် ရေးကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်ဦးဆောင် ၍ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်၊ မင်းဘူးမြို့ နယ်တို့တွင်သက်ဆိုင်ရာ တိုင်း/ခရိုင်မြို့နယ်အဖွဲ့ဝင်များဖြစ်သည့် အထူးစုံစမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် မြန်မာရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလအတွင်း အလှူအတန်းများသည့်အတွက် စားအုန်းဆီများ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ထုတ်လုပ်သည့် လုပ်ငန်းများတွင်ကျယ်လာသည့် အပေါ်တွင် မကွေးတိုင်းဒေသကြီး စက်မှုလုပ်ငန်းသုံးဆီများ ထုတ်ယူရရှိသည့် လုပ်ငန်းများတွင် အမှန်တကယ် သုံးစွဲမှု ရှိ/မရှိတို့အား စစ်ဆေး လျက်ရှိသည့်အပြင် ပခုက္ကူခရိုင်၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များ၊ ချောက်ခရိုင်အတွင်းရှိ ချောက်၊ ရေနံချောင်းမြို့နယ်များနှင့် မကွေးခရိုင်၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ် မြို့နယ်များနှင့် မကွေးမြို့ပေါ်တို့တွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (၃) ဖွဲ့ခွဲ၍ ၂ဝ၂၆ ခုနှစ်၊ ဧပြီလ၂ရက်နေ့မှစတင်ပြီး နေ့စဉ်ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)