မကွေးတိုင်းဒေသကြီး

ကံမမြို့နယ်၌ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅- ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၁) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက အလယ်ကျေးရွာအုပ်စုနှင့် အလပ်လယ်ကျေးရွာအုပ်စုတို့မှ တောင်သူ (၁၃၉)ဦးတို့၏ မိုးစပါးစိုက်ဧက (၃၀၀)ဧကအတွက်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ (၄၅၀)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်၌ မိုးစပါး(၆၄၂၀၁)ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရန် (၆၄၁၂၆)ဧက လျာထားရာ (၆၄၂၀၁)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲအခမ်းနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဒေသအတွင်း ငါးသယံဇာတတိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၈) နာရီက နန်းထိုက်သူဟိုတယ်အနီး ဧရာဝတီမြစ်ကမ်း‌နဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်၌ ယခုနှစ် ချည်မျှင်ရှည်ဝါသီးနှံကို ဧကပေါင်း ၃၁၀၀၀ ကျော် စိုက်ပျိုးထားရှိပြီး ယခင်နှစ်ထက် ဧကပေါင်း ၂၀၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ချည်မျှင်ရှည် ဝါသီးနှံကို ဧကပေါင်း ၃၁၀၀၀ ကျော် စိုက်ပျိုးထားရှိပြီး ယခင်နှစ်ထက် ဧကပေါင်း ၂၀၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြုမီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင်  အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း (ဒေဝီ) တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် (၉) အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ် စစ်‌ဆေးပေးပြီး ဆေးကုသပေးမှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့ရှိ မိုးနှောင်းဝါနှင့် မိုးစပါးစိုက်ခင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း) နှင့် အသင်းပိုင်ငွေတို့ဖြင့် သမဝါယမကဏ္ဍမှ မိုးစပါး (၁၂၉၅၈) ဧက၊ မိုးဝါ (၅၀၀) ဧက၊ မိုးနှောင်းဝါ (၃၁၅၀၀) ဧက အကောင်အထည်ဖော်လျက်ရှိရာ၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့ရှိ မိုးနှောင်းဝါနှင့် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မင်းတုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ယနေ့နံနက် ၈ နာရီခွဲတွင် မင်းတုန်းမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများနှင့်အတူ စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး