မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ် ကိုင်ဆောင်နိုင်စေရန်အတွက် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူများက အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြင်သာရက်ကွက်အုပ်ချုပ်‌ရေးမှူးရုံး၌ ပြုလုပ်ပေးရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အသစ်ထပ်မံဆောင်ရွက်နေသည့် ဆိုလာရေတင်စီမံကိန်းသစ်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အသစ်ထပ်မံဆောင်ရွက်နေသည့် ဆိုလာရေတင်စီမံကိန်းသစ်များ ဆောင်ရွက်နေမှုအခြေအနေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးမြို့တွင် စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်းနှင့် စက်သုံးဆီသယ်ယာဉ် ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်‌ဆေးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးမှ မကွေးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်၊ သိုလှောင်ကန်စခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား  စက်သုံးဆီများ သယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချရာတွင် သိရှိနားလည်ပြီး စနစ်တကျ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်းနှင့် စက်သုံးဆီသယ်ယာဉ်ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၆) ကို ဧပြီလ ၂၉ ရက်နေ့က မကွေးမြို့ရှိ ထိန်ထိန်သာဟိုတယ်တွင် ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မကွေးမြို့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့၊ မြိုတော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဠ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း‌ဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စက်ရုံအလုပ်ရုံလုပ်ငန်းရှင်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ MSME လုပ်ငန်းရှင်များ တက်ရောက်သည်။

မင်းဘူး(စကု)မြို့နယ်၌ ရက် (၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းများအနက်မှ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများကို မင်းဘူး(စကု)မြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မကွေးမြို့ မြသလွန်စေတီတော်တွင်  ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မကွေးမြို့ရှိ သမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်း အမှတ်အဖြစ် နှစ်စဉ်ရိုးရာမပျက် ညောင်ရေသွန်းပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြို့မြသလွန် စေတီတော် ဘုရားရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က ရွှေရောင်တော်ကျေးရွာ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နှစ်(၈)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးစျေးတွင် ဧပြီ (၂၈)ရက်နေ့က အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

မြို့သစ်မြို့နယ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ (အခမဲ့) စမ်းသပ်ကုသပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံဝင်းအတွင်း “သံဃာတော်များ ဆေးကုသဆောင်”၌ ဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းအကြောင်း ဆွေးနွေးပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းအကြောင်း ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၈ ရက် ဧပြီလ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး