သရက် ဧပြီ ၂၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအား ဧပြီ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက သရက်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသည်။
အဆိုပါ သွေးလှူဒါန်းခြင်းအခမ်းအနားသို့ သရက်ခရိုင် မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေး၊ သရက်မြို့နယ် ဦးစီးမှူး ဦးဝေဖြိုးအောင်တို့မှ သွေးလှူဒါန်းသော တပ်ဖွဲ့ဝင်များအား အားပေးစကားများ ပြောကြားကာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအုပ်စိုးလင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ပြည်သူ့ဆေးရုံကြီးမှ ဆေးဝါးနှင့်အဟာရဖြည့်အစားအစာများကို သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင် (၃၂) ဦးတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)