သရက် ဧပြီ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်စာအမှတ် (၅၀/၂၀၂၆)၊ (၅၁/၂၀၂၆)၊ (၅၂/၂၀၂၆) အရ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသား/အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ယနေ့နံနက်ပိုင်းက သရက်အကျဉ်းထောင်မှ အကျဉ်းသား/သူ (၁၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် သရက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့် တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား/သူများအား အကျဉ်းထောင်ခန်းမတွင် ဆုံးမစကားပြောကြားပြီး အကျဉ်းထောင်တာဝန်ရှိသူများက ထောင်လွှတ်လက်မှတ်နှင့် ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ပြီး အကျဉ်းထောင်မှလွှတ်ပေးခဲ့ရာ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားအမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၃)ဦးဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)