ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူး ပြည်သူများဖြင့် စည်ကား
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ကျက်သရေဆောင်မြသလွန်စေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ယနေ့နံနက်ပိုင်းတွင် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။