ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲကျင်းပ

ဂန့်ဂေါ ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဇူလိုင်လ(၁)ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၆)တွင် သင်တန်းပြီးဆုံးသည်အထိ တက်ရောက် အောင်မြင်ခဲ့သည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး(၅)ဦးအား သင်တန်းဆင်းအောင် လက်မှတ်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပေးအပ်ချီးမြှင့်ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။

အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားသို့  ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒေါ်ယဉ်နွဲ့ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး(၅)ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်ဆက်)