မကွေး ဇူလိုင် ၂၉
မကွေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လမ်း/တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဇူလိုင် ၂၅ ရက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ(၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေတွင် မကွေး - ရေနံချောင်းလမ်း မှကန်သစ် ကျေးရွာလမ်း ကွန်ကရစ်ခင်းခြင်းကို တင်ဒါအောင်မြင်သည့် Ten Ten Myanmar Co., Ltd. မှ တင်ဒါ အောင်မြင်ငွေကျပ်သန်း ၄၃၂ ဒသမ ၄၄၀ သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော (မကွေး-ရေနံချောင်း)လမ်းမှ ကန်သစ်ကျေးရွာဆက် သွယ်ထားသော ၄ ဒသမ ၃ ဖာလုံအား ကွန်ကရစ် လမ်းခင်းခြင်းဆောင်ရွက်နေမှုကို ဇွန် ၁၉ ရက်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ၃ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
အဆိုပါ ကွန်ကရစ်လမ်းသည် အလျား(၄.၃)ဖာလုံ၊ ဒုအခြေခံအလွှာ အကျယ်(၁၆)ပေ၊ (၂”-၄”)ခွဲ ကျောက်(၆)လက်မထုဖြင့် ဒုအခြေခံလွှာခင်းကြိတ်၍ ယာဉ်သွားလမ်းအကျယ်(၁၄)ပေ၊ (၇) လက်မထုကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၅)ရွာ၊ အိမ်ထောင်စု (၁၃၅၄)စု၊ အိမ်ခြေ(၁၂၅၃)၊ လူဦးရေ(၅၃၀၉)ဦးနှင့် စိုက်ပျိုးဧက ၈၈၄ ဒသမ ၃၁ ဧကတို့အတွက် လမ်းပန်းဆက် သွယ်မှုပိုမိုလွယ်ကူကောင်းမွန်လာပြီး လူမှုစီးပွားဘဝတိုး တက်ကောင်းမွန်သည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်းသိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)