ပခုက္ကူမြို့ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်း(၂/၂၀၂၆)ဖွင့်လှစ်သင်ကြား

ပခုက္ကူ ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက သတင်းရေးသားနည်းသင်တန်း(၂/၂၀၂၆) ဖွင့်လှစ်သင်ကြားသည်။

အဆိုပါသင်တန်းတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် မြို့နယ်တာဝန်ခံဦးစီးအရာရှိများက သတင်း၏အနက်အဓိပ္ပါယ်၊ သတင်းအချက်အလက်စုဆောင်းနည်း၊ သတင်းရေးသားနည်း၊ သတင်းဆောင်းပါးရေးသားနည်း၊ သဒ္ဒါအသုံးအနှုန်း၊ ဝါကျဖွဲ့စည်းပုံနှင့်စာလုံးပေါင်းသတ်ပုံမှန်ကန်ရေး၊ သတင်းကောင်းတစ်ပုဒ်တည်ဆောက်ရာတွင် ပါဝင်ရမည့်အချက်များ၊ တွေ့ဆုံမေးမြန်းရာတွင် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ သတင်းထောက်တစ်ဦး လိုက်နာရမည့်တာဝန်နှင့်ကျင့်ဝတ်များ၊ သတင်းမီဒီယာဥပဒေနှင့်နည်းဥပဒေများအကြောင်းတို့ကို Online Zoom Meeting စနစ်ဖြင့် သင်ကြားပို့ချပေးရာ ပခုက္ကူခရိုင်ရုံးဝန်ထမ်းများနှင့်တွဲဖက်ဝန်ထမ်းများ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)