ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်ရန်  မပျက်မကွက် လုပ်ဆောင်ရမည့် အချက်များနှင့်  အဓိကသတင်းစကား (၁၀) ချက်ပါ အသိပညာပေးပိုစတာ  စိုက်ထူ

 

ကဝ ဇွန်  ၃၀

ပဲခူးတိုင်းဒေသကြီး၊   ပဲခူးခရိုင်၊  ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်    ယမန်နေ့ မွန်းလွဲ (:၀၀)နာရီအချိန်တွင်   ကဝမြို့မ အမှတ်()ရပ်ကွက် စမူစာကွေ့တွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့်အချက်များ နှင့် အဓိကသတင်းစကား (၁၀)ချက်ပါ မြေစိုက်ပိုစတာ စိုက်ထူပွဲကို ပြုလုပ်ဆောင်ရွက် ခဲ့သည်။

မြေစိုက်ပိုစတာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ၏ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့် အချက်များတွင်   တတ်နိုင်သမျှ မိမိအိမ်၌သာနေရန်၊ တစ်ဦးနှင့်တစ်ဦး  တတ်နိုင်သမျှ ခပ်ခွာခွာနေရန်  လက်ကို ဆပ်ပြာနှင့်ရေသုံး၍ စက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊  မပြင်းထန်သော  ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန်၊   အိပ်ရေးဝအောင် အိပ်စက်ရန်၊  အာဟာရပြည့်ဝစွာ စားသုံးရန်၊ ကိုယ်ပူခြင်း၊ ချောင်းဆိုး ခြင်း၊ အပြင်းအထန်ဖျားခြင်း စသော လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့  ချက်ခြင်းအကြောင်းကြားရန် စသည့်အချက်များ ပါဝင်သည်။

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူပွဲသို့  ကဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစည်သူအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက် ကြ၍ ပိုစတာစိုက်ထူအပြီးတွင်   ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။