စစ်ကိုင်းတိုင်းဒေသကြီး

ခန္တီးမြို့၌ ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်း ဆက်လက်သင်ကြားပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ခန္တီးခရိုင် လူမှုဝန်ထမ်းရုံးနှင့် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရပ်ရွာအခြေပြုမုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မှစတင်ဖွင့်လှစ်လျက်ရှိပြီး ယ‌နေ့တွင် အာလူးနနွင်းမကင်း၊ အုန်းနို့သာကူပေါင်းပြုလုပ်နည်းများ ဆက်လက်သင်ကြားပို့ချလျက်ရှိရာ မြို့ပေါ်ရပ်ကွက်/ကျေးရွာများမှ အမျိုးသမီးများ စုစုပေါင်း (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

လဟယ်မြို့တွင် မိခင်နို့စနစ်တကျတိုက်ကျွးရေး အသိပညာပေးဟောပြောပွဲနှင့် တိုးချဲ့ကာကွယ်ဆေးများထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ လဟယ်မြို့တွင် မိခင်နို့စနစ်တကျ တိုက်‌ကျွေးရေး အသိပညာပေးဟောပြောပွဲနှင့် တိုးအသက်(၂)လမှ တစ်နှစ်ခွဲအတွင်းရှိ ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန် လဟယ်မြို့ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှု သီတင်းပတ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေး လှုပ်ရှားမှု သီတင်းပတ်အဖြစ် ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ဆောင်ရွက်သည်။

ချောင်းဦးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင် မုံရွာမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းများ သတ်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ ထုပ်လုပ်ရောင်းချနေမှုအခြေအနေအား ကြည့်ရှုအားပေး

မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်သည် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာမှ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ ပွဲတော်အုပ် လက်ဖက်စို၊ လက်ဖက်ခြောက်နှင့် ပဲစုံနှစ်ပြန်ကြော်လုပ်ငန်း ပိသာချိန် ၁၄၀၀ ခန့်ကို ပြည်တွင်းပြည်ပသို့ နေ့စဥ်ထုတ်လုပ်ရောင်းချဆောင်ရွက်နေမှုနှင့် ရုံးကြီးရပ်ကွက်ရှိ မုံရွာမြို့နယ်စည်ပင်သာယာ‌ရေးကော်မတီနှင့် အကွာပူရကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ရေသန့်နှင့် ရပ်ကွက်ပေါင်း(၂၀)အတွက် မြို့ရေပေးဝေရေလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကန့်ဘလူမြို့နယ်၌ မိုးရာသီဆီထွက်သီးနှံမြေပဲ လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီအတွင်း တောင်သူများ၏လယ်ယာမြေများတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံဖြစ်သော မြေပဲ ၅၁၉၃၁ ဧက စိုက်ပျိုးနိုင်ခဲ့ကာ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဧရာဝတီတံတား (ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ တွေ့ဆုံခြင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဂိတ်များနှင့် ဇတ်ဆိပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)၊ ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံခြင်း အခမ်းအနားသို့တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ အမျိုးသမီးများအား လူကုန်ကူးမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုသွေး ဆောင်ဖြားယောင်းခိုးယူမှုများကာကွယ်ရေး ဥပေဒေရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သည့် အမျိုးသမီးများ အားလူကုန်ကူးမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုသွေးဆောင်ဖြားယောင်းခိုးယူမှုများ ကာကွယ်ရေးဥပေဒေရေးရာ အသိပညာပေးဟောပြောကို သြဂုတ် (၅) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့၊ အ.ထ.က (၁) ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟုမ္မလင်းမြို့နယ်၌လူငယ်‌ ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌ စောင်ပြပွဲဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍လူငယ်‌ ရေးရာအသိပညာပေးဟောပြောပွဲကို၊ ဟုမ္မလင်းမြို့နယ်၊ အ.လ.က- ခေါင်ခမ်း၊ ကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး