မင်းကင်းမြို့နယ်၊ စာစစ်ဌာနများတွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိ

မင်းကင်း မတ် ၁၆

မင်းကင်းမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့နံနက် ၉ နာရီက ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိသည်။

မင်းကင်းမြို့နယ်၊ စာစစ်ဌာနများတွင် ရူပဗေဒဘာသာရပ်ကို ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၂) ဦး စာရင်းရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၆၄) ဦး၊ ပျက်ကွက် (၈) ဦး ရှိကြောင်းနှင့်ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၅ ဒဿမ ၃၅ ရာခိုင်နှုန်း၊ သမိုင်းဘာသာရပ်တွင် ကျောင်းသားကျောင်းသူ (၁၉၁) ဦးစာရင်းရှိရာ ဝင်ရောက်ဖြေဆိုသူကျောင်းသားကျောင်းသူ (၁၈၈) ဦး၊ ပျက်ကွက် (၃) ဦးရှိကြောင်းနှင့် ဖြေဆိုမှု ရာခိုင်နှုန်း ၉၈ ဒဿမ ၄၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား ကျောင်းသူများ လုံခြုံချောမွေ့ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့က အပြင်စည်းလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

မင်းကင်း (ပြန်/ဆက်)