ကလေးဝ မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့အား ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ နံနက် ၉ နာရီကစတင်၍ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ဖြေဆိုသူစာရင်းရှိ ၁၀၇ ဦး ၊ပျက်ကွက် ၁ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၁၀၆ ဦး ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၉ ဒဿမ ၀၇ ရာခိုင်နှုန်း ဖြေဆိုခဲ့ပြီး သမိုင်းဘာသာရပ်အား ဖြေဆိုသူ စာရင်းရှိ ၇၅ ဦး၊ ပျက်ကွက် ၁ ဦး၊ စုစုပေါင်းဖြေဆိုသူ ၇၄ ဦး ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၈ ဒဿမ ၆၇ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ လုံခြုံချောမွေ့စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများပါဝင်သော ပူးပေါင်းအဖွဲ့က အပြင်စည်းလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)