ကျွန်းလှ မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် မတ် ၁၆ ရက်နေ့က ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၂၀ ဖြစ်ကြောင်း၊ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား ၁၂၄ ဦး၊ ကျောင်းသူ ၁၉၄ ဦး စုစုပေါင်း ၃၁၈ ဦး ၉၉ ဒသမ ၃၈ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ