စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့၌ ‌၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျွန်းလှမြို့ “ ဟိန်း” ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “လှမ်းလာခဲ့ပါ ဟိန်းကျောင်းတော်သာ” သီးချင်းဖြင့်သီဆို ဖွင့်လှစ်သည်။

ကလေးဝမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် အမှတ်(၂) ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အဆို၊ အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆို၊ အက ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံ၊လေလုံ အားကစားခန်းမတွင် ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပြိုင်ပွဲဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကလေးမြို့၊ ကုတင် ၃၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီး ဝန်းအတွင်းရှိ ဥပုသ်ချောင်းဝဲ/ယာအတွင်းရှိ ရေစီးရေလာကောင်းစေရန်အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ၊ ပလပ်စတစ်အမှိုက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆေးရုံဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁) နာရီခွဲအချိန်က ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိသည်။

ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်ဥက္ကဋ္ဌတို့သည် ကလေးခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရိပ်သာရှိ အဘိုး၊ အဘွားစုစုပေါင်း ၃၀ ဦးအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ တစ်ဦးချင်းအလိုက် ငွေပဒေသာပင်နှင့် အဟာရဖြည့်စားသောက်ဖွယ်ရာများ လိုက်လံပေးအပ်ခဲ့ပြီး ရိပ်သာရှိ ရုံးခန်း၌ တာဝန်ရှိကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးခဲ့သည်။

ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ် စာစောင်၊ နံရံကပ်စာစောင်ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ် စာစောင်၊ နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၊ အခြေခံစာကြည့်တိုက်သင်တန်း (၂-၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့နံနက်ပိုင်းတွင် ကလေးမြို့၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ကျင်းပပြုလုပ်သည့် အခြေခံစာကြည့်တိုက် သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး