ပန်ဆောင် မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ လမ်းဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ပန်ဆောင်မြို့ဈေးရှေ့၌ ကွန်ကရစ်လမ်းခင်းနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် နန်းယွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာတင်ဦး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက ကွန်ကရစ်လမ်းခင်းနေမှုများကို ကြည့်ရှုစစ်ဆေးကြပြီးနောက် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချန်မီပြီးစီးရေး သတ်မှတ်အတိုင်းအတာပြည့်မီရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းသည် အရှည်ပေ ၃ ဖာလုံ ၊အကျယ် ၁၈ ပေရှိပြီးပ လမ်းဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ လုပ်ငန်းပြီးစီးပါကမြို့အိမ်ခြေ ၂၀၉ အိမ်၊လူဦးရေ ၁၄၂၉ အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ပန်ဆောင်( ပြန်/ဆက်)