နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များ ပျော်ရွှင်စေရန် ပြပွဲပြိုင်ပွဲများကျင်းပ

ကန့်ဘလူ မတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ  စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးတတ်လာသူများ ဖြစ်လာစေရန် ပြပွဲပြိုင်ပွဲများကို မတ် ၂၀ ရက်က ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။

ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတတိုးပွားစေမည့် သုတရသစာအုပ်များကိုဖတ်ရှုလေ့လာကာ စာကြည့်တိုက်ကိုငယ်စဉ်ကပင် အသုံးပြုတတ်လာစေရန် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ အသိ ပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်များကိုပြသရာ ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူ ၂၁ ဦးက ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင်ကြပြီး လာ ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဗလာစာအုပ်နှင့်ခဲတံများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)