စစ်ကိုင်းတိုင်းဒေသကြီး

နာဂဒေသ၊ လဟယ်မြို့၌ လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ လဟယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနဖြင့် လူငယ်များဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်‌ရေးရာအသိပညာပေး စာပေစကားဝိုင်းကို ယမန်နေ့နံနက် ၁ဝ အချိန်က လဟယ်မြို့အထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လဟယ်မြို့တွင် ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့်သတင်းအမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် အသိပညာပေးဟောပြော        

စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လဟယ်)တို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီမြစ်‌ရေမြင့်တက်လာမှုကြောင့် ကုန်တင်ယာဉ်ကြီးများ၊ ဆီသယ်ယာဉ်များ အဆင်ပြေစွာဖြတ်သန်သွားလာနိုင်ရေး သယ်ယူပို့ဆောင်ပေးလျှက်ရှိသော ဇက်ကူးတို့များ ကမ်းကပ်ရန်နေရာအတွက် စစ်ကိုင်းဘက်ကမ်းနှင့် မန္တလေးဘက်ကမ်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ခဝဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီ တစ်ပိုင်တစ်နိုင် ခဝဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ခဝဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီ တစ်ပိုင်တစ်နိုင် ခဝဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

တမူးမြို့တွင် မှုခင်းပိုင်းဆိုင်ရာ မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မှုခင်းပိုင်းဆိုင်ရာ မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့ အ.ထ.က(၁)တွင် မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များ အသိပညာပေးဟောပြောပွဲကျင်းပ

အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏အကျိုးဆက်များအကြောင်းသိရှိပြီး ကျန်းမာရေးနှင့်အညီ နေထိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်  မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၁ နာရီက ရေဦးမြို့ အ.ထ.က(၁) ပညာရတနာခန်းမတွင်မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့၌ ဆိုလာလမ်းမီးအလှူရှင်များအား ဂုဏ်ပြုပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်။ မော်လိုက်မြို့၌  အများပြည်သူများဘေးကင်းလုံခြုံ စွာသွားလာနိုင်ရေးနှင့် မြို့သာယာလှပစေရေး ဆိုလာလမ်းမီးတပ်ဆင်ခြင်းအတွက် ဆိုလာလမ်းမီး အလှူရှင်များအား ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ဆိုလာလမ်းမီးအလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ ဟူနောင်၊ ဟင်နောင်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်ကျောင်းကျန်းမာရေး အသိပညာ​ပေးကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀) နာရီအချိန်ကဟုမ္မလင်းမြို့နယ်၊ ဟူနောင်၊ ဟင်နောင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)စာသင်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး