စစ်ကိုင်း ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်းမူကြိုကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသောကလေးငယ်များအား ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်းမူကြိုကျောင်းနှင့် ပုဂ္ဂလိကမူကြိုကျောင်း (၁၇) ကျောင်းမှ သားငယ်၊ သမီးငယ်(၁၇၉)ဦး ပါဝင်ဖျော်ဖြေပေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)