ထန်ပါခွေ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ နာဂရိုးရာ အသုံးအဆောင်ပစ္စည်းများဖြစ်သော ခြုံစောင်၊ လည်စီးပဝါ၊ ခေါင်းပေါင်း၊ လွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုများအတွက် အပို၀င်ငွေများရရှိကြောင်း သိရသည်။
ထန်ပါခွေမြို့တွင် နာဂရိုးရာအသုံး အဆောင်ပစ္စည်းများကို ဒေသခံပြည်သူများက တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး ရိုးရာခြုံစောင်၊ လည်စီးပဝါ၊ ခေါင်းပေါင်း၊ လွယ်အိတ်များ ရက်လုပ်ရာတွင် အကြီး၊ အသေးပေါ်မူတည်ပြီး (၁၀)ရက်မှ (၁၅) ရက်အထိကြာမြင့်ကြောင်း၊ ကုန်ကြမ်း ပစ္စည်းချည်လုံးများကို အိန္ဒိယနိုင်ငံမှ အများဆုံး၀ယ်ယူရကြောင်း၊ ခြုံစောင်တစ်ထည်ကိုကာလပေါက်ဈေး ကျပ် (၇၀၀၀၀)မှ (၁၀၀၀၀၀) ကျော်အထိရရှိကြောင်း၊ ကျန်အသုံးအဆောင်ပစ္စည်းများမှာ ကျပ် (၃၀၀၀၀) မှ (၆၀၀၀၀)အထိ ဈေးနှုန်းများရရှိကြောင်း ထန်ပါခွေမြို့နေ ဒေသခံပြည်သူ ဒေါ်လုရှား ထံမှသိရသည်။
အလန် (ထန်ပါခွေ)