မုံရွာ ဖေဖော်ဝါရီ ၁၂
မုံရွာတက္ကသိုလ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်နှင့်အတူ အသိပညာပေးပြပွဲများနှင့် လူငယ်စကားဝိုင်း ကို ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဈေးရောင်းပွဲတော်တွင် ဘာသာရပ်ဌာနပေါင်း ၁၅ ခု၏ တိုင်းရင်းသားရိုးရာအစားအသောက်များ ရောင်းချခြင်းနှင့်အတူ လူငယ်ပျော်ပွဲရွှင်ပွဲများပါဝင်သည့်အပြင် ဘာသာရပ်အလိုက် အသိပညာပေးပြပွဲများတွင်လည်း လူငယ်စကားဝိုင်းတွင်လည်း နှစ်သက်ရာခေါင်းစဥ်များဖြင် အကျယ်တဝင့် စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွဲခဲ့ကြပြီး တာဝန်ရှိသူများက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အကြမ်းဖက်ကြိုတင်ကာကွယ်တားဆီးတိုက်ဖျက်ရေး စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ပထမ၊ဒုတိယ၊ တတိယထူးချွန်ဆုရ ကျောင်းသားကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်နှင့်အတူ အသိပညာပေးပြပွဲများနှင့်လူငယ်စကားဝိုင်းသို့ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုပေါင်းပြီစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)