စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့၌ အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့ အ.ထ.က(၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန် မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အ.ထ.က(၁)ကျောင်း၊ အောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ စာပေချစ်မြတ်နိုးသူ(Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များအတွေးအခေါ် မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်နှင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ အ.ထ.က(၁)၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့်ကျောင်း​ကျန်းမာရေးသီတင်းပတ်အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး ငလျင်ဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ပတ္တမြားစေတီ ရှင်းလင်းရေးလုပ်ငန်များ ဆောင်ရွက်ပြီးစီးမှု၊ ဥမင်ကိုးဆယ်စေတီတော်မြတ်ကြီးနှင့် ဇရပ်၊ တန်ဆောင်း၊ ဂူကျောင်းများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီမှု၊ ဥမင်ကိုးဆယ်စေတီတော်မြတ်ကြီးရင်ပြင်ရှိ သောက်သုံးရေကန်ပြန်လည်ပြုပြင်ပြီးစီး၍ သောက်သုံးရေရရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီ ပဲစင်းငုံသီးနှံ လျာထားဧကထက် ခုနှစ်ထောင်ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ပြည်သူများသည် မိသားစုစီးပွားရေးလုပ်ငန်းအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထားစိုက်ပျိုးထုတ်လုပ်သော ဒေသတစ်ခုဖြစ်သည့်အလျှောက် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို စိုက်ပျိုးထုတ်လုပ်ကြလျက်ရှိရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ကန့်ဘလူမြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးသည့်အနက် ပဲစင်းငုံဧက ၁၁၅၆၆၀ လျာထားပြီး မေ၊ဇွန်လတို့က စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ၁၂၃၃၆၆ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်၌ ထိုင်ဝမ်ဖူးစားပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး အခြားသီးပင်၊ စားပင်များစိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီစိုက်ပျိုးသော ထိုင်ဝမ်ဖူးပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကန့်ဘလူမြို့ အ.ထ.က(၁)၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်း​ကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ချင်းရိုးရာလက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သည့် ချင်းရိုးရာလက်ရက်ကန်း  ဒီဇိုင်းတီထွင် ဆန်းသစ်မှုနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ( KG နှင့်G- 1) သားငယ်၊ သမီးငယ်များအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုကို ယ‌နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး