တမူး ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် ၅း၃၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလံတိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အလံစောင့်တပ်ဖွဲ့မှ ဦးဆောင်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလံတင်အလေးပြုခဲ့ကြသည်။
ထို့နောက် နံနက် ၇ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဝဏ်လွှာဖတ်ပွဲကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား တမူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုမှ ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရတနာ