စစ်ကိုင်းတိုင်းဒေသကြီး

ကလေးဝမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မွေးစမှ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသခန်းမဆောင်၌ ဆောင်ရွက်ပေးသည်။

စစ်ကိုင်းမြို့နယ်၌ ဆောင်းနေကြာရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာ (၃၁၃၃၇)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်၌ အသက်ခြောက်လမှ ငါးနှစ်ထိ ကလေးများအား ဗီတာမင်အေ တိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက်ခြောက်လမှ ငါးနှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂ ရက် နံနက်  ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ တိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့၌ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီအခက် အခဲမရှိစေရေး သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီက ကန့်ဘလခရိုင်စုပေါင်းရုံး၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်/ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် Campign ပြုလုပ်

အမှတ် (၁၇) ယာဉ်ထိန်းရဲ ရဲတပ်ဖွဲ့ခွဲ (စစ်ကိုင်း)၊ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (စစ်ကိုင်း) မှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် Campign ပြုလုပ်ခြင်းကို ဖေဖော်ဝါရီလ (၂) ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မဈေးမီးပွိုင့်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(အလုံ)ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းလုပ်ငန်း များဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(အလုံ)ကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီး ရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ကလေးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)၊ မိုးလင်းရှောင်စောန်းဘုရားကျောင်း၌ ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူ

စစ်ကိုင်းမြို့တွင် ၂၀၂၅ ခုနှစ်(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး