ဖောင်းပြင် ဖေဖော်ဝါရီ ၂
ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်/ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်းအောင်က စာဖတ်ဝိုင်းဆွေးနွေပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Book Club အဖွဲ့၀င်များက စာရေးဆရာ ဆရာကြီးရွှေဥဒေါင်း၏ “အာဟာရနှင့်ကျန်းမာရေး” စာအုပ်မှ ကျန်းမာပျော်ရွှင်နေနိုင်ရန် အစာစားရာတွင် အလွန်အရေးကြီးကြောင်း၊ အစာကိုပိုလျှံအောင် စားသုံးခြင်းသည် အဖျားအနာကို ဖြစ်စေပြီး အစာချေစက်၊ ဓာတ်ခွဲစက်တို့မှထွက်လာသော အညစ်အကြေးများကို ကုန်စင်အောင် မရှင်းလင်းနိုင်၍ မကျန်းမမာဖြစ်စေကာ အစားအစာကို စနစ်တကျ စားသုံးခြင်းသည် ကိုယ်ခန္ဓာ၌အညစ်အကြေး အပူအပုပ်တို့မနေနိုင်သဖြင့် အခြားရောဂါကို မဆိုထားဘိ၊ ခေါင်းခဲ၊ လည်ချောင်းနာခြင်းများ ရရှိကြမည် မဟုတ်ကြောင်း ဆွေးနွေးကြရာ တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)