စစ်ကိုင်းမြို့နယ်၌ ဆောင်းနေကြာရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

စစ်ကိုင်း ‌ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာ (၃၁၃၃၇)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“စစ်ကိုင်းမြို့နယ်အတွင်းမှာ ဆောင်းရာသီစိုက်ပျိုးချိန် ဆောင်းနေကြာကို (၃၁၃၃၇)ဧက စိုက်ပျိုးဖို့ လျာထားရာမှာ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ စစ်ကိုင်းမြို့နယ်အတွင်းမှာ ဆောင်းနေကြာကို ဆင်းရွှေကြာ(၂)နဲ့ ရေဆင်း(၁)မျိုးများကို အများဆုံးစိုက်ပျိုးကြပါတယ်”ဟု စစ်ကိုင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသန့်အောင်က ပြောသည်။

စစ်ကိုင်းမြို့နယ်တွင် ယခင်နှစ် ဆောင်းရာသီစိုက်ပျိုးချိန်တွင်လည်း ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာ (၃၁၂၄၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးအောင်မြင်နိုင်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်နည်းစနစ် မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)