ကသာမြို့ ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်း(တောင်ပေါ်ကျောင်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ဖေဖော်ဝါရီလ ၃ ရက်နေ့နံနက်(၉)နာရီခွဲအချိန်က ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်း(တောင်ပေါ်ကျောင်း)၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။