စစ်ကိုင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် Campign ပြုလုပ်

စစ်ကိုင်း ဖေဖော်ဝါရီ ၂

အမှတ် (၁၇) ယာဉ်ထိန်းရဲ ရဲတပ်ဖွဲ့ခွဲ (စစ်ကိုင်း)၊ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (စစ်ကိုင်း) မှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ် Campign ပြုလုပ်ခြင်းကို ဖေဖော်ဝါရီလ (၂) ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မဈေးမီးပွိုင့်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

Campign တွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (စစ်ကိုင်း)မှ ဒုတိယရဲမှူး ကျော်စိုးလွင်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းဆောင်ရွက်၍ သက်မှတ်စည်းကမ်းများနှင့်အညီ ကိုက်ညီသော ဆိုင်ကယ်စီးနင်းလာသူများအား ဆိုင်ကယ်စီးဦးထုပ်များ ဖြန့်ဝေပေးခဲ့ကြ သည်။

အဆိုပါ Campign တွင် အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဆိုင်ကယ်စီးဦးထုပ်အလုံး (၅၀၀) ဖြန့်ဝေပေးခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ရုပ်စုံကာတွန်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမရှိခြင်း၏ အကျိုးဆက်များ၊ ယာဉ်တိုက်ခိုက်မှု ဖြစ်ပွားစေနိုင်သည့် အခြေအနေများနှင့် ယာဉ်ကြောများပြပုံ စသည့် အသိပညာပေးနံရံကပ်ပြဘုတ်များအား ပြည်သူများသိရှိစေနိုင်ရန် ပြသပေးခဲ့ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ပိုစတာများတပ်ဆင်ထားသည့် မော်တော်ဆိုင်ကယ်များနှင့် ဖျော်ဖြေရေးယာဉ်တို့ဖြင့် မြို့တွင်းသို့ လှည့်လည်၍ ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)