စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဖူဆယ်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် အိမ်ရာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္နဝန် အရာထမ်းဝန်ထမ်းအိမ်ရာအတွင်းရှိ “နန္နဝန်အားမာန်” ဖူဆယ်အားကစား ဘောလုံးကွင်းဖွင့်ပွဲ အထိန်းအမှတ် ဝန်ထမ်းပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ အိမ်ရာအတွင်းရှိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အိမ်ရာအတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ/မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။