မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်း အစည်းအ‌ဝေးပြုလုပ်

မုံရွာ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်း အစည်းအ‌ဝေးကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာမုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ယခင်ဆီလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူးက ယခင်နှင့်ယခုစားသုံးဆီများ ဖြန့်ဖြူးပေးနေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး မုံရွာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မိုးသီတာလင်းက ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းမည့် အစီအစဥ်များအား ရှင်းလင်း တင်ပြပြီးနောက် တာဝန်ရှိသူများနှင့် တက်ရောက်လာသူများမှ မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရွေးချယ်ပွဲပြုလုပ်ရာ အလုပ်အမှုဆောင် (၂၉) ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက မုံရွာခရိုင်အတွင်းရှိ ပြည်သူများအား စားသုံးဆီများကို အရည်အသွေး/ဈေးနှုန်း မှန်ကန်စွာဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် သက်ဆိုင်ရာ မိတ်ဖက်ဌာနဆိုင်ရာများ၏အနီးကပ်ကြပ်မတ် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)