မော်လိုက် နိုဝင်ဘာ ၂၁
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က စုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရှာရှိ ဒေါ်အေးစီတာက မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကိုင်တွယ်အသုံးပြုပုံများနှင့် မဲပေးပုံအဆင့်ဆင့်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသော ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)