စစ်ကိုင်း နိုဝင်ဘာ ၂၁
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ အ.လ.က(ခွဲ) ရွာထောင်ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးရဲလတ်မှ သစ်တောပြုစုထိန်းသိမ်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ယမင်းအောင်မှ စုပေါင်းကာကွယ်မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့သည်။
ထို့နောက် မီးခိုးမြူငွေ့လျှော့ချရေးနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ PM 2.5 အကြောင်းအသိပညာပေး Video Clip အားပြသခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မေးခွန်းများမေးမြန်းခဲ့၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)