ဟုမ္မလင်း နိုဝင်ဘာ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ကိုနိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်(၈)နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့သက်ကြီးဘိုးဘွားများကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုဆောင်ရွက်ရာတွင်သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း၊ မကူးစက်ခင်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါအခံရှိသူ သက်ကြီးဘိုးဘွားများအား အခမဲ့စောင့်ရှောက်ကုသပေးကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးးဘွားများကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသဆောင်ရွက်ခြင်းကို ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ နေဝင်းထွန်းနှင့် တာဝန်ကျဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွား(၉၅)ဦးအားအခမဲ့ စောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)