သနပ်ပင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းလျားရှည်ကျေးရွာ၊ ကုက္ကိုကျေးရွာ၊ ရွှေအိုးကျေးရွာ၊ အရှေ့တံခွန်တိုင်ကျေးရွာ၊ နတ်ရေကန်ကျေးရွာ၊ ကျွဲတဲကျေးရွာ၊ ကုလားချောင်းကြီးကျေးရွာများတွင် ပြုလုပ်ခဲ့သည်။