ပဲခူးတိုင်းဒေသကြီး

နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ နတ်ကင်းကျေးရွာ၊ ဦးပွတံတားတွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ်ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ သဘာ၀ရေပြင်အတွင်းသို့ ယမန်နေ့ နံနက်ပိုင်း(၉)နာရီအချိန်က ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဆောင်ရွက်‌ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID)စနစ်ဖြင့် Smart Card များ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity စနစ်ဖြင့် Smart Card များကို မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းကစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ ငုဝါမြိုင်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့မရပ်ကွက်ရှိ ငုဝါမြိုင်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံခဲ့ရသည့် အိမ်ထောင်စုများအတွက် (၁)စုလျှင် (၄)သိန်းကျပ်စီ ကူညီပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံခဲ့ရသည့် အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ်အရ ဂျာမဏီနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီများ ဖက်ဒရေးရှင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍​ ငွေသားကူညီပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီချိန်က ​ဖြူးသာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂ဝ၂၅ - ၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။

ပြည်မြို့နယ် (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ဂုဏ်ပြုပူဇော် ကောင်းမှုကုသိုလ်များပြုလုပ်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊  ပြည်မြို့နယ် စာဖြေဌာနမှ ၂၀၂၄ ခုနှစ်(စာသင်နှစ်)တွင် ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့အား ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ချီးကျုးဂုဏ်ပြုပူဇော်သည့် (၁၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ပြည်မြို့ ဝင်္ကဘာတောရကျောင်းတိုက်ဓမ္မာရုံတော်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ဂုဏ်ပြုပူဇော် ကောင်းမှုကုသိုလ်များပြုလုပ်သည်။

သဲကုန်းမြို့နယ်တွင် (ရတနာတိုး)မိုးစပါးစံကွက် ရိတ်သိမ်း တစ်ဧက(၁၂၅)တင်း ထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သဲကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနှင့် ဝန်ထမ်းများသည် စက်တင်ဘာလ  ၂၀ ရက် နေ့လယ်ပိုင်းက သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ချားလျှားကုန်းအုပ်စု၊ ချားလျှားကုန်းကျေးရွာ ကွင်းအမှတ် (၉၇၅B) စံပယ်တောင်ကွင်း၊ ဦးပိုင်အမှတ်(၁၂၇)၊ တောင်သူ ဦးငွေသိန်း၏  မိုးစပါး (၅)ဧကတွင် မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးထားသည့် ရတနာတိုး မိုးပါးစံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ပေါင်းတည် မျိုးသန့်ခြံ၌တောင်သူများလေ့လာနိုင်ရန် အထွက်နှုန်းယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးထား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ) မျိုးသန့်ခြံ၌ တောင်သူများအတွက် သက်လတ်စပါးမျိုးများ အထွက်နှုန်းယှဉ်ပြိုင် စမ်းသပ်ကွက်များ စိုက်ပျိုးထားကြကြောင်း သိရသည်။

ဝါမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်၍  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းများများကို ယနေ့ နံနက် ၁၀ နာရီအချိန်က  အရှေ့ဘက်ကမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း(ဝေါအရှေ့) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး