ပေါင်းတည် နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲ မဲဆန္ဒနယ်မှ ပြင်ပထွက်ခွာ၍ တက္ကသိုလ်ကောလိပ် ကျောင်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၁) ဦး ကြိုတင်မဲ ပေးခဲ့ကြကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများထံမှ သိရသည်။
ထို ဆန္ဒပြုပြီး ကြိုတင်မဲ လက်မှတ်များကို ယမန်နေ့ ညနေပိုင်းက ရွေးကောက်ခံနိုင်ငံရေး ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများ ရှေ့မှောက်တွင် မြို့နယ်ရွေးကောက်ပွဲ အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကြီးကြပ်၍ တာဝန်ရှိသူများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ တိကျသေချာစွာ စိစစ် စစ်ဆေးရေတွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ကောလိပ် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့နယ်မြေမှ မထွက်ခွာမီ သတ်မှတ်ထားသော ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်မှ နိုဝင်ဘာလ ၂၁ ရက်ည နေပိုင်းအထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ကြိုတင်မဲရုံတွင်သက်ဆိုင်ရာ မဲဆန္ဒနယ် မဲပုံးများအတွင်းသို့ ဆန္ဒပြုမဲပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ရွှေသား(IPRD)