ပေါင်းတည် နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အမည်စာရင်းများအား ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ ယမန်နေ့နံနက်ပိုင်းမှ၍ ဒုတိယအကြိမ်ကပ်ထားကြေညာထားကြပြီး ရပ်ရွာပြည်သူများ ကြည့်ရှုလျက်ရှိသည်။
ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ထိုဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး မဲစာရင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များအနေဖြင့် ယခုမဲစာရင်းများ၌ မိမိအမည် မပါရှိပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ရပ်ကွက် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံး မှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ အချိန်မီ တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား(IPRD)