ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် ဝါဧက(၇၄၂)ဧက တိုးချဲ့စိုက်ပျိုးထားရှိ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် တောင်သူများမှ ဝါကိုတိုးချဲ့စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်၌ ဝါကြီး၊ ချည်မျှင်ရှည်ဝါအပါအဝင် စုစုပေါင်းဝါဧက (၇၄၂၂)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။