ပြည် ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်းရှိ စည်ပင်သာယာမြို့မဈေးကြီး၌ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်သော သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်လင်းစိုးက မီးလောင်မှုမှုများ မဖြစ်ပေါ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် မီးဘေးကြိုတင်ကာကွယ်နည်းလမ်းများအကြောင်းကို ဆွေးနွေးပြောကြားပြီး သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများအား မီးသတ်ဆေးဘူးနှင့် ရေစိုအဝတ်တို့ဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း လေ့ကျင့်မှုများ ဆောင်ရွက်ပေးကာ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)