(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ပုံပြောပြိုင်ပွဲများ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၁၈

(၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ဟောပြောပွဲအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်းကို ဟောပြောခဲ့ပြီး ပန်းချီပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာကျောင်းများမှ Grade-4 နှင့်Grade-5ကျောင်းသား ကျောင်းသူများ ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ဆုရကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောလ်ပင်များ ဆုချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူအားလုံးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ‌ကြောင်း သိရသည်။

ရွှေသား(IPRD)