တောင်ငူမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေး

တောင်ငူ ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့၊ တောင်ငူမြို့နယ်မြို့မရဲစခန်းဝင်း၊ တောင်ငူခရိုင်မွမ်းမံသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၉) နာရီက တောင်ငူခရိုင်ရုံးနှင့် မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲ စတင်ပေးနှံသည်။

၂၈-၁၂-၂၀၂၅ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁) ၌ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၄၅) (ခ) အကျုံးဝင်သောမဲဆန္ဒရှင်များအနက် နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာရန်ရှိနိုင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အစိုးရအဖွဲ့အစည်းဝင်များ၊ ကော်မရှင်အဖွဲ့အစည်းအသီးသီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့်သူများသည် ၁၈-၁၂- ၂၀၂၅ ရက်နေ့မှ ၂၇-၁၂-၂၀၂၅ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားပြီးဖြစ်ရာ ယနေ့တွင် တောင်ငူမြို့နယ်ရဲတပ်ဖွဲ့၊ တောင်ငူမြို့နယ် မြို့မရဲစခန်းဝင်း၊ တောင်ငူခရိုင် မွမ်းမံသင်တန်းကျောင်းခန်းမ၊ အမှတ် (၂) နယ်မြေရဲစခန်း၊ မြို့သစ်နယ်မြေရဲစခန်း၊ ကျွန်းကုန်းနယ်မြေရဲစခန်း၊ မြို့သစ်နယ်မြေနယ်ရဲစခန်းတို့၌ တောင်ငူခရိုင်ရုံးနှင့် မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊  ပဲခူးတိုင်းဒေသကြီးလွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်)၊ သက်ဆိုင်ရာမဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ (၈) ပါတီမှ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲ စတင်ပေးနှံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)