ပေါင်းတည်မြို့နယ်၌ သတင်းရေးသားနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ပေါင်းတည် ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက သတင်းရေးသားနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချရာ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပေါင်းတည်မြို့နယ်ရုံးမှ ဓာတ်ပုံကျွမ်းကျင်(၂) ဦးသူရက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်‌နေမှုများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများနှင့် ပြည်သူများ သိသင့်သိထိုက်သော နိုင်ငံအကျိုးပြုသတင်းများကို ပြည်သူများသိရှိနိုင်စေရန် သတင်းမှန်ပြန်ကြား‌ပေးနိုင်ရေးအတွက် သတင်းမီဒီယာစည်းကမ်းချက်များနှင့်အညီ သတင်းရေးသားနည်းဆိုင်ရာများကို ဆင့်ပွားပို့ချပေးခဲ့ကြောင်း သိရသည်။

ရွှေသား