ပဲခူးတိုင်းဒေသကြီး

ဖြူးမြို့နယ်အတွင်း ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများအား မဲဆန္ဒရှင်ပြည်သူများကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ပါမပါ သိရှိစေရေးဒုတိအကြိမ်  မဲဆန္ဒရှင်စာရင်းမျာ ကြေညာထားလျက်ရှိရာ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက မဲဆန္ဒရှင်ပြည်သူများ ကြည့်ရှုကြကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းမြေပဲ (၁၀၂၉)ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းမြေပဲ (၁၀၂၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ၌ ရွှေတောင်မြို့မြို့နယ်၊ သရက်တောအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပဆောင်ရွက်ခဲ့သည်။

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ စတင်ဖွင့်လှစ်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနလက်အောက်ရှိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နည်းပညာတက္ကသိုလ် (တောင်ငူ) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ရွှေတောင်မြို့နယ်တွင် အထူးကုဆရာဝန်ကြီးများ၏ (အခမဲ့)ဆေးကုသမှုအစီအစဉ်နှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် ကွေ့မတိုက်နယ်ဆေးရုံသို့သွားရောက်၍ ကျေးလက်နေပြည်သူများအား ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

သနပ်ပင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းလျားရှည်ကျေးရွာ၊ ကုက္ကိုကျေးရွာ၊‌ ရွှေအိုးကျေးရွာ၊ အ‌ရှေ့တံခွန်တိုင်ကျေးရွာ၊ နတ်‌ရေကန်ကျေးရွာ၊ ကျွဲတဲကျေးရွာ၊ ကုလားချောင်းကြီးကျေးရွာများတွင် ပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့သရုပ်ပြမဲပေးခြင်း အသိပညာပေးခြင်း ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သဲဖြူအုပ်စု ဇလုပ်ကျေးရွာဘုန်းကြီးကျောင်းတိုက်အတွင်း နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို‌ ဆောင်ရွက်ခဲ့ကြသည်

ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အကြိမ် (၁၀၀) မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နိုဝင်ဘာလ ၂၅ ရက်‌နေ့မှ စတင်ကာ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဝေါမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ်ပြ

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက (ပုဂံကျေးရွာ) ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်တွင် MEVM မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့က မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းရုံးတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး