ရွှေကျင်မြို့နယ်၊ မူလတန်းကြိုကျောင်းမှ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင်ပွဲအခမ်းအနား ကျင်းပ

ရွှေကျင် ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မူလတန်းကြိုကျောင်းမှ(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဒီဇင်ဘာလှုပ်ရှားမှု ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ရှမ်းကြေးရပ်ကွက်၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရွှေကျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုရီက မူလတန်းကြိုကျောင်းမှ ဒီဇင်ဘာလှုပ်ရှားမှုနှင့် လွတ်လပ်ရေးနေ့အကြို ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေကျင်မြို့နယ်၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးတို့က အားကစားပြိုင်ပွဲများယှဉ်ပြိုင်ကြရာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုရီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မဒီ‌ဇော်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ကလေးများအတွက် ဖြည့်စွက်အဟာရမုန့်များ ချီးမြှင့်‌ပေးခဲ့‌သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)