ရွှေတောင်မြို့နယ်၌ ဆောင်းသီးနှံ နှမ်း ၄၆၇၅ဧက လျာထားစိုက်ပျိုးပြီးစီး

ရွှေတောင် ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံ နှမ်း ၄၆၇၅ဧက လျာထားစိုက်ပျိုးပြီးစီးကြောင်း သိရသည်။

ယခုနှစ်တွင် ယခင်နှစ်ထက် တောင်သူများအနေဖြင့် ဆောင်းသီးနှံ နှမ်းစောစီးစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်သီးနှံများထပ်မံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီက နိုင်ငံတော်၏လမ်းညွှန်ချက်များနှင့်အညီ  တောင်သူများ၏ စိုက်စွမ်းအား၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ တောင်သူများအကျိုးစီးပွားတိုးတက်ရရှိနိုင်စေရေးနှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်အတွင်း၌ ဆောင်းသီးနှံ နှမ်း ၄၆၇၅ ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာဧက ပြည့်မှီစွာ စိုက်ပျိုးပြီးစီးကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)