မင်းလှမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းလှ ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/ သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျောင်းသား/သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်နှင့် ဝန်ထမ်းများက ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများထံ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ဒေသခံပြည်သူများ လက်ဝယ်ထံ ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)