ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လာရောက်ကြည့်ရှု
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များလိုက်ပါလျက် ယမန်နေ့ ညနေ ၅ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာအုပ်စု၊ ပျဉ်းမလွင်ကျေးရွာရှိ နွေစပါး ပထမသီးနှံ ဧက(၅၀၀) စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။