ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လာရောက်ကြည့်ရှု

ဒိုက်ဦး ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များလိုက်ပါလျက် ယမန်နေ့ ညနေ ၅ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်​ကျေးရွာအုပ်စု၊ ပျဉ်းမလွင်ကျေးရွာရှိ နွေစပါး ပထမသီးနှံ ဧက(၅၀၀) စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ကတုတ်ဘုရားကြီးကျေးရွာအုပ်စု၊ လက်ခုပ်ကွင်းကျေးရွာရှိ တိုင်းရင်းကြက်အကောင်ရေ (၁၀၀၀၀)၊ ဥစားကြက်၊ ဥစားဘဲ မွေးမြူမည့် မြေနေရာသို့လည်းကောင်း၊ ကျိုက်စကောအရှေ့ကျေးရွာအုပ်စုရှိ ဦးမောင်ကြည်၏ မွေးမြူရေးခြံသို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)