ဝေါမြို့နယ် ကျိုက်လှကျေးရွာအုပ်စု၊ နွေစပါး(၂)သီးစံပြကွက်၌ တောင်သူ၊ လယ်သမားများအားလက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၀)စက်မှုလယ်ယာစခန်းမှ တောင်သူလယ်သမားများအား နွေစပါး(၂)သီးစံပြကွက်တွင် ရက်(၉၀)စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ လက်ဆွဲကောက်စိုက်စက်များဖြင့် တိုက်ရိုက်စိုက်ပျိုးနိုင်ရန် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုက်လှကျေးရွာအတွင်းရှိ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမဘေး ကွင်းအမှတ်(၆၈၇)၊ တောင်သူဦးအာလူး၏ လယ်မြေစိုက်ဧက(၂၇)ဧကတွင် ကျင်းပခဲ့ကြောင်းသည်။